ဘုရင့်သရဖူ
ကျွန်ုပ်တို့အားလုံး စားပွဲ၌၀ိုင်းထိုင်ကြပြီး အ၀ိုင်းသဏ္ဍာန်ရေမြှုပ်ဖော့ထဲသို့ သွားကြားထိုးတံ များကို တစ်ယောက်ပြီးတစ်ယောက် ထိုးသွားကြသည်။ သွားကြားထိုးတံသည် တစ်နေ့တာအတွင်း ကျွန်ုပ်တို့ပြုမိသည့်အမှားအတွက် ၀မ်းနည်းရခြင်းနှင့် ခရစ်တော်က အပြစ်ကြွေး ဆပ်ပေးရခြင်းကို ပုံဆောင်သည်။ ရှင်ပြန်ထမြောက်ရာနေ့ ရောက်လာတော့မည့် ရက်သတ္တပတ်အတွင်း ညစာစားပွဲ၌ ထိုဆူးရစ်သရဖူကို ကျွန်ုပ်တို့ ဆန်းသစ်တီထွင်ထားခြင်းဖြစ်သည်။ ထိုသို့ တစ်ညပြီးတစ်ည လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မိမိ၏ အမှားများအတွက် အပြစ်မကင်းသည့်စိတ်နှင့်ဖြတ်သန်းနေရ ကြောင်း၊ ကယ်တင်မည့်သူတစ်ဦး ကျွန်ုပ်တို့ အဘယ်မျှ လိုအပ် နေကြောင်း သိသာစေသည်။ သခင်ယေရှုသည် ကားတိုင်ထက် အသေခံပေးခြင်းဖြင့် ကျွန်ုပ်တို့အား မည်သို့ကယ်လွှတ်ပေးသည်ကို ဆင်ခြင်မိစေသည်။
သခင်ယေရှုဆောင်းရန်အတွက် ပြုလုပ်ပေးသောဆူးရစ်သရဖူမှာ သူ့အား ကားစင်မတင်မီ ရောမစစ်သားများ၏ရက်စက်ကြမ်းကြုတ်သော ကစားကွက်တစ်ကွက်သာ ဖြစ်သည်။ စစ်သားများသည် သခင့်အား တော်ဝင်ဝတ်ရုံတစ်စုံ ၀တ်ဆင်စေပြီး ကိုယ်တော့်အားသူတို့ရိုက်နှက်ခဲ့သည့်တုတ်ကိုလည်း သခင့်ထံ ဘုရင့်သန်လျက်အဖြစ် ပေးခဲ့သည်။ သူတို့သည် သခင့်အား လှောင်ပြောင်ပြီး…
ချစ်ခြင်းရေအင်တုံ
လွန်ခဲ့သောနှစ်များစွာက ရူပဗေဒအတန်း၌ ဆရာက နောက်သို့ လှည့်မကြည့်ဘဲ အခန်းနောက်ဘက်နံရံ၏အရောင်ကို ပြောခိုင်းသည်။ ကျွန်မတို့ သတိမပြုမိခဲ့သည့် အတွက် မည်သူမျှ မဖြေနိုင်ခဲ့ပါ။
တစ်ခါတစ်ရံ၌ ကျွန်မတို့လည်း ဘ၀အသက်တာရှိ ‘‘အမှုအရာ’’ တို့ကို သတိမမူ ဂူမမြင် ကျော်သွားတတ်သည်။ အကြောင်းမှာ အားလုံးကို မမြင်နိုင်၍ဖြစ်ပြီး တစ်ခါတစ်ရံ တစ်ချိန်လုံးရှိနေသည့် အရာကို ကျွန်မတို့ မတွေ့မြင်ခြင်းကြောင့် ဖြစ်သည်။
ကျွန်မလည်း ထိုသို့ဖြစ်ခဲ့သည်။ မကြာမီက သခင်ယေရှု တပည့်တော်များ၏ခြေကို ဆေးပေးသည့် အကြောင်းကို ထပ်မံပြီး ဖတ်ရှုခဲ့သည်။ ဤအကြောင်းကို သခင်ယေရှု ကားစင်တင်သတ်ခံရမည့် ရက်သတ္တပတ်၌ မကြာခဏ ဖတ်ကြ၍ ၎င်းကိုကြားဖူးနေကြဖြစ်သည်။ ကျွန်မတို့၏ကယ်တင်ရှင်နှင့် ရှင်ဘုရင်က တပည့်တော်များ၏ ခြေကို သန့်စင်ပေးရန် ကိုယ်ကိုကိုင်းညွတ်ပေးခဲ့ခြင်းက ကျွန်မတို့ကို အံ့သြတုန်လှုပ်စေပါသည်။ သခင်ယေရှု၏ခေတ်အချိန်က ဤအလုပ်ကို နှိမ့်ကျသည့်အလုပ်အဖြစ် ရှုမြင်ကြခြင်းကြောင့် ယုဒကျွန်များပင်လျှင် ဤအလုပ်နှင့် ကင်းလွတ်ခွင့်ရခဲ့သည်။…
စိုးကြောက်စိတ်ကို လွတ်လိုက်
စိုးကြောက်စိတ်ခံစားချက်ဖြစ်ပေါ်လျှင် ခန္ဓာ၏တုံ့ပြန်မှုဖြစ်ပေါ်သည်။ ဝမ်းဗိုက်ထဲ ခဲဆွဲထားသလို မအီမသာဖြစ်ပြီး အသက်ရှုလိုက်တိုင်း နှလုံးတုန်ခြင်းက စိတ်သောက ဖိစီးနေသည့် လက္ခဏာဖြစ်သည်။ ရုပ်ခန္ဓာ၏သဘောသဘာဝက ဤသို့မအီမသာ ဖြစ်သည့် ခံစားချက်ကို ကျွန်မတို့လျစ်လျူမရှုမိအောင် ထိန်းပေးသည်။
လူငါးထောင်ကျော်ခန့်ကို ကျွေးမွေးသည့် အံ့ဖွယ် နိမိတ်လက္ခဏာကိုပြုပြီးနောက် တပည့်တော်တို့အား ကမ်းတစ်ဘက်ရှိ ဗက်ဇဲဒမြို့သို့ အရင်ကူးစေပြီး၊ သခင်က ဆုတောင်းရန် ကျန်ရစ်သည်။ ထိုညက လေမသင့်သဖြင့် တပည့်တော်တို့မှာ လှေကို ကြိုးစားလှော်ခတ်ရင်း ပင်ပန်းနေ ကြသည်။ ထိုစဉ် ရေပေါ်၌ လမ်းလျှောက်လာသည့် သခင်ကို သူတို့တွေ့လိုက်ရာ၊ တစ္ဆေသရဲအမှတ်နှင့် သူတို့ ကြောက်သွားကြသည် (မာ ၆း၄၉-၅၀)။
သို့သော် ၎င်းတို့အား မကြောက်ရန်၊ တည်ကြည်သောစိတ်ရှိရန် သခင်မိန့်ကြား ခဲ့သည်။ သခင်ယေရှုလှေပေါ်ရောက်သော် လေငြိမ်သွားပြီး ကမ်းတစ်ဘက်သို့ ချောမောစွာ ရောက်ရှိသွားသည်။ ကိုယ်တော်ပေးသည့် ငြိမ်သက်ခြင်းကို တပည့်တော်တို့ ပွေ့ပိုက်ခံယူသောအခါ ကြောက်စိတ်များ…
နောက်ဆုံးစကား
တစ်နေ့တွင် တက္ကသိုလ်တစ်ခုမှ ဒဿနိကဗေဒအတန်းတစ်တန်း၌ ကျောင်းသား တစ်ဦးသည် ပါမောက္ခတစ်ဦး၏အမြင်နှင့်ပတ်သက်ပြီး စိတ်ဆိုးလောက်သည့် ဝေဖန်ချက် မှတ်ချက်ပေးခဲ့သည်။ ဆရာသည် ထိုကျောင်းသားကို ကျေးဇူးတင်ခဲ့ပြီး အခြားထင်မြင်ဝေဖန်ချက်ကို ဆက်လက်ဆွေးနွေးသွားသည်။ ထိုအပြုအမူသည် အခြား ကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။ ထိုကျောင်းသား ကို အဘယ်ကြောင့် မတုံ့ပြန်မချေပသနည်းဟု သူ့ကို မေးမြန်းရာ၊ ‘‘ ဒါဟာ နောက်ဆုံးစကား၊ ငါ့စကားအတည်ပဲလို့ ပြောစရာမဖြစ်ရဆိုတဲ့ စည်းမျဉ်းကို လေ့ကျင့်နေတာပါ’’ ဟု ဆရာက ပြန်ဖြေခဲ့သည်။
ထိုဆရာသည် ဘုရားကို ချစ်ကြောက်ရိုသေသူ တစ်ယောက် ဖြစ်ပြီး၊ သူသည် မေတ္တာပြလျက် နှိမ့်ချသော စိတ်ထားကို ယူတင်ဝတ်ဆောင်လိုသူဖြစ်သည်။ သူ့စကား များက အခြားဆရာတစ်ဦးကို သွားသတိရစေသည်။ ထိုသူမှာ ဒေသနာကျမ်းကို ရေးသားခဲ့သူဖြစ်သည်။ စိတ်ဆိုးနေသူတစ်ဦးကို မည်သို့ ဆက်ဆံရမည်ကို အတိအလင်းမညွှန်ပြထားသော်လည်း ဘုရားသခင်ကို ချဉ်းကပ်ရာ၌ စဉ်းစားမဆင်ခြင်၊ နှလုံးသားနှင့်နှုတ်ကို စောင့်စည်းမှုမရှိ…
ဆုတောင်းခြင်းတန်ခိုး
တစ်နေ့၌ ကျွန်ုပ်နှင့်ရင်းနှီးသည့်မိတ်ဆွေတစ်ဦး၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရေး အတွက် အလွန်အမင်း ပူပန်မိရာ၊ ဓမ္မဟောင်းကျမ်းမှ ဉာဏ်အမြော်အမြင်ကြီးသော ဣသရေလလူတို့၏ခေါင်းဆောင် ရှမွေလ၏အသက်တာအားဖြင့် ခွန်အားပေးမစမှုကို ရရှိခဲ့သည်။ ဣသရေလလူတို့ အခက်ပြဿနာနှင့်ကြုံနေရသော် ရှမွေလက ဘုရားလူများ အတွက် ကြားဝင်ဆုတောင်းလျှောက်ပေးပုံကို ဖတ်ရှုရင်း၊ ကျွန်ုပ်လည်း ကျွန်ုပ်ချစ်ရသူအတွက် ဆုတောင်းပေးရန် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ခဲ့သည်။
ဘုရား၏လူများသည် ဘုရားကို မယုံကြည်ကိုးစား သည့်အတွက် သူတို့ကို ဖိလိတ္တိလူတို့အောင်နိုင်ခဲ့ပြီး ယခု တစ်ဖန် ဖိလိတ္တိလူတို့၏ခြိမ်းခြောက်မှုကို ဣသရေလလူတို့ ခံနေရသည် ( ၁ ရာ ၄ ကို ကြည့်ပါ)။ သူတို့၏အပြစ်အတွက် နောင်တရပြီးနောက် ဖိလိတ္တိလူတို့က သူတို့ကို လာရောက် တိုက်ခိုက်မည့်သတင်းကို ထပ်ကြားရသည်။ ဤတစ်ကြိမ်တွင် သူတို့အတွက် ဆုတောင်းပေးရန် ရှမွေလအား ပန်ကြားခဲ့သည် (၇း၈)။ ဘုရားသခင်က သူတို့၏ရန်သူများကို ရှုပ်ထွေးမှုနှင့် ကြုံစေခြင်းအားဖြင့် သူတို့ကို…
ကျွန်ုပ်တို့နှင့်အတူရှိသောဘုရား
‘‘သခင်ခရစ်တော် ကျွန်ုပ်နှင့်အတူရှိသည်။ ကျွန်ုပ်ရှေ့မှာရော နောက်မှာပါရှိသည်။ ‘‘သခင်ခရစ်တော် ကျွန်ုပ်နှင့်အတူရှိသည်။ ကျွန်ုပ်ရှေ့မှာရော နောက်မှာပါရှိသည်။ အတွင်း၌ရော အောက်မှာရော၊ အပေါ်မှာရော၊ ဘယ်ဘက်ရော၊ ညာဘက်မှာပါရှိသည်။...’’ဟု ၅ ရာစုနှစ်ကာလက စဲလ်တစ် ခရစ်ယာန် စိန့်ပက်ထရစ် မှ ရေးစပ်ခဲ့သည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းမှ သခင်ယေရှုဖွားမြင်ခြင်းအကြောင်းကို ကျွန်မဖတ်ရှုစဉ် ထိုဓမ္မတေးက စိတ်ထဲ၌ ပဲ့တင်ထပ်မြည်ဟီးနေသည်။ နွေးထွေးစွာ ထွေးဖက် ထားသကဲ့သို့ ခံစားရပြီး ငါဘယ်တော့မှ တစ်ယောက်တည်း ဖြစ်မနေ ဟု ကျွန်မကို သတိပေးနေသည်။
ရှင်မဿဲ၏ရေးသားချက်အရ လူသားများအကြား ဘုရားရှင် လာရောက်နေထိုင်ခြင်းသည် ခရစ်စမတ်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်။ ပရောဖက် ဟေရှာယ၏ ကြိုတင်နိမိတ်ဟောကြားချက်အရ ကျွန်ုပ်တို့နှင့်အတူရှိသော ဘုရားသခင်ဟုအဓိပ္ပာယ်ရသော ဧမာနွေလ အမည်ရှိ သူငယ်တော်ကို မွေးဖွားသန့်စင်လာမည် (ဟေ ၇း၁၄)။ ရှင်မဿဲက ထိုပရောဖက် ပြည့်စုံကြောင်းကို ဖော်ပြသည်။ ကျွန်မတို့နှင့် အတူရှိမည့်ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မွေးဖွားပြီ…
စောင့်စားခြင်း
‘‘ခရစ်စမတ်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ’’ဟူ၍ ကျွန်မကလေးများ ငယ်စဉ်က ဤမေးခွန်းကို ထပ်ခါထပ်ခါ မေးတတ်၏။ ခရစ်စမတ်အကြို Advent ပြက္ခဒိန်ကို အသုံးပြု၍ ခရစ်စမတ်ရောက်မည့်နေ့ကို စောင့်စားရေတွက်ကြသော်လည်း ကလေးများက
စောင့်စားရခြင်းကို ပျင်းစရာဟု ခံစားရသည်။
စောင့်စားခြင်းနှင့်ပတ်သက်ပြီး ကလေးများ၏ ရုန်းကန်ရမှုကို ကျွန်ုပ်တို့ အလွယ်တကူ သိရှိနိုင်သော်လည်း ဘုရားလူများအနေဖြင့် ကြုံတွေ့နိုင်သည့် စိန်ခေါ်မှု အခက်အခဲ ကိုဖြင့် ကျွန်မတို့ လျော့တွက်မိသည်။ ဥပမာ - ဗက်လင် ဧဖရတ်မြို့မှ ‘‘အုပ်စိုးရသောသခင်’’ ပေါ်ထွန်းလာမည် (၅း၂)၊ ထိုသူသည် ‘‘ရပ်၍ ထာဝရဘုရား၏အစွမ်းသတ္တိနှင့် … မိမိ သိုးစုကို ကျွေးမွေးလိမ့်မည်’’(း၎) စသည်ဖြင့် ပရောဖက်ကြီး
မိက္ခာ၏သတင်းစကားကို ခံယူရရှိသူများအကြောင်း စဉ်းစား တွေးကြည့်ပါ။ ဣသရေလလူတို့သည် နှစ်ပေါင်း ၇၀၀ နီးပါးမျှ စောင့်ဆိုင်းခဲ့ရပြီးနောက် ဗက်လင်မြို့၌ သခင်ယေရှုမွေးဖွားလာချိန်တွင် ဤပရောဖက်ပြုချက် စတင်ပြည့်စုံလာ သည်…
တန်ခိုးကြီးတော်မူသောဘုရားသခင်
ပင်လယ်ကမ်းစပ်၌ လေအဟုန်အတိုင်း လှုပ်ရှားရင်း ရေလှိုင်းပေါ်ဝယ် ရေလွှာလျှောစီးကာ စွန်လွှတ်နေသူများကို ကြည့်ရင်း ကျွန်မ ပျော်ရွှင်ကြည်နူးမိသည်။ ‘‘အဲဒီလို ဘုတ်ပြား စီးရင်း စွန်လွှတ်နေကြတာ ကြည့်ရတာ ခက်သလိုဘဲ’’ ဟု ကမ်းစပ်သို့ ဆင်းလာသူ တစ်ဦးကို မေးကြည့်ရာ၊ သူက ‘‘မခက်ပါဘူး၊ ရိုးရိုးရေလွှာလျှောစီးရတာထက် ပိုတောင် လွယ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လေအားကို ထိန်းပြီး သုံးလို့လေ’’ ဟု ပြောပြသည်။
ထိုနောက် ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း ရေလွှာလျှောစီးသူကို ယိမ်းနွဲ့လှုပ်ရှားစေသည်သာမက ကျွန်မ မျက်နှာပေါ်သို့ ဆံနွယ်စများဝဲကျစေသော လေ၏ အစွမ်းကို စဉ်းစားရင်း ကျွန်မတို့၏ ဖန်ဆင်းရှင်ဘုရားသခင်ကို ဆင်ခြင်မိသည်။ ဓမ္မဟောင်းကျမ်းမှ ပရောဖက်အာမုတ် ရေးသားသောကျမ်းတွင်လည်း ‘‘တောင်တို့ကို လုပ်၍ လေကို ဖန်ဆင်းထသော (ဘုရားသခင်သည်) နံနက်အလင်းကို အမိုက်ဖြစ်စေ’’ သည်ဟု ရေးသားထားသည် (း၁၃)။
ထာဝရဘုရားသခင်သည်…
ကောင်းသောနိဂုံး အဆုံးသတ်
အပိုလို - ၁၃ အာကာသယာဉ်အကြောင်း ရုပ်ရှင် စပြတော့မည်ဖြစ်၍ အလင်းရောင်များမှိန်ကျသွားသည်။ ကျွန်မသူငယ်ချင်းက ‘‘လူတွေအားလုံး သေကုန်တော့ ရှက်စရာ ဖြစ်သွားတာပေါ့’’ ဟု အသံကို နှိမ့်၍ ပြောသည်။ ၁၉၇၀ ခုနှစ်၏ အာကာသယာဉ်ရုပ်ရှင်ကို ကြည့်ရင်း ၀မ်းနည်းကြေကွဲစရာအဖြစ်များကို ကြိုတင်စောင့်စားရင်း ရုပ်ရှင်ပြီးခါနီးမှ ဖြစ်ရပ်မှန်ဇာတ်လမ်း၏ နိဂုံးအဆုံးသတ်ကို ကျွန်မမသိ၊ မမှတ်မိကြောင်း သိလိုက်သည်။ ဖြစ်ရပ်မှန်ဇာတ်လမ်းမှာ အာကာသယာဉ်မှူးများသည် အခက်အခဲများစွာကို အောင်မြင် ကျော်လွှားကာ ကမ္ဘာမြေပြင်သို့ အသက်ရှင်လျက် ပြန်ရောက်လာကြသည်။
ကျွန်မတို့လည်း အသက်ရှင်လျက် အိမ်ပြန်ရောက် ရမည်ဟူသည့် နောက်ဆုံးနိဂုံးအဆုံးသတ်ကို ခရစ်တော် အားဖြင့် သိနိုင်သည်။ ဗျာဒိတ်ကျမ်း၌ ဖော်ပြထားသည့် အတိုင်း ကျွန်ုပ်တို့သည် အဘဘုရားသခင်နှင့်အတူ ထာဝရ နေရမည်ကို ကျွန်မဆိုလိုခြင်း ဖြစ်သည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို အသစ်ဖြစ်စေလျက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖန်ဆင်းမည်(၂၁း၁၊၅)။ ယေရုရှလင်မြို့သစ်၌…
ဘုရားသခင်၌ အမြစ်စွဲတည်နေသည်
ကျွန်မမိတ်ဆွေများ အိမ်သစ်သို့ပြောင်းရွေ့သွားသောအခါ ခြံစည်းရိုးအနီး၌ ၀စ်တီးရီးယား ပန်းပင်ကို စိုက်ပျိုးခဲ့သည်။ နောက် ၅ နှစ်အကြာတွင် လာဗင်ဒါပန်းရနံ့ သင်းနေမည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။ ထိုပန်းပင်ကို သေချာစွာ အပင်ချိုင် ပြုပြင်လျက် အနှစ် ၂၀ ကျော်မျှ ပန်းအလှပန်းရနံ့ကို ကြည်နူးခံစားခဲ့ကြသည်။ သို့သော် တစ်ဖက်ခြံမှ အိမ်နီးချင်းက ပေါင်းသတ်ဆေးသုံးရင်း သူ့ခြံဘက်၌ သုံးခြင်းဖြစ်သော်လည်း ပန်းပင်သေသွားသည်။ ပေါင်းသတ်အဆိပ်က မြေကြီးထဲ စိမ့်ဝင်ပြီး ပန်းပင်၏ အမြစ်များ ပျက်စီးသွားခြင်းကြောင့် ပန်းပင်သေသွားခြင်းဖြစ်မည်ဟု သူတို့ထင်မိသည်။ သို့သော် အံ့သြစရာမှာ နောက်တစ်နှစ်တွင် မြေကြီးပေါ်မှ အစို့အတက်လေးများ ပြန်ထွက်လာသည်။
ဘုရားသခင်ကို ကိုးစားသည့် ဘုရားသားသမီးများနှင့် ဘုရားသခင်၏လမ်းတော်ကို လျစ်လျူရှုသူများကို ပရောဖက် ယေရမိက ရှင်သန်ကြီးထွားသောအပင်နှင့် ပျက်စီးသော အပင်တို့နှင့် နှိုင်းယှဉ်ဖော်ပြသည်။ ဘုရားရှင်၏ နောက်တော် လိုက်လျှောက်သူများသည် ရေရှိရာအရပ်၌ အမြစ်ဖြာပြီး အသီးသီးမည် (ယေ…